မြိတ် စက်တင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲနှင့် ဆရာအဆင့် ဆောင်းပါးပြိုင်ပွဲကို ယမန်နေ့က အ.ထ.က(၁)မြိတ်တွင် ကျင်းပခဲ့သည်။
အထိမ်းအမှတ်ပြိုင်ပွဲတွင် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို “မွန်မြတ်လှပေ ဆရာ့ဘဝ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲကို “လမ်းပြကြယ်ပမာ မြတ်ဆရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆောင်းပါးပြိုင်ပွဲတွင် “ဆရာသည်သာ အနာဂတ်ရဲ့ ပဲ့ကိုင်ရှင်” ခေါင်းစဉ်ဖြင့်လည်းကောင်းကျင်းပခဲ့ရာ ကျောင်းသား/သူများနှင့် ဆရာ/မများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့်၌ ကျောင်းသား/သူ(၁၃)ဦး၊ အလယ်တန်းအဆင့်၌ ကျောင်းသား/သူ(၁၄)ဦး၊ ကဗျာပြိုင်ပွဲတွင် အထက်တန်းအဆင့်၌ ကျောင်းသား/သူ(၁၂)ဦး၊ အလယ်တန်းအဆင့်၌ ကျောင်းသား/သူ(၁၄)ဦးနှင့် ဆောင်းပါးပြိုင်ပွဲတွင် ဆရာ/မများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ မြို့နယ်ပညာရေးမှူး ဦးကျော်ရှိန်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )