ရေနံချောင်း စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ကျောင်းသားကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိပြီး ဗလငါးတန်ပြည့်စုံစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်ဆွေးနွေးပွဲအခမ်းအနားကို စက်တင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိခင်က အဖွင့်အမှာစကားပြောကြားပြီး လူငယ်ဥက္ကဋ္ဌဦးနေဝင်းနိုင်က ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ချိုမီအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍လူငယ်စကားဝိုင်းကျင်းပရာ မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ပြီး အ.ထ.က(၃) Grade-10,11,12 တို့မှ ကျောင်းသားကျောင်းသူ ခြောက်ဦးက လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာဖတ်ခြင်းအကျိုးကျေးဇူး၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်အင်တာနက်၊ လူငယ်နှင့်ကျန်းမာရေးစသည့် ခေါင်းစဉ်(၆)မျိုးဖြင့် အသီးသီးပါဝင်ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ချိုမီအောင်နှင့်တာဝန်ရှိသူများက လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသားကျောင်းသူလေးများအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
အဆိုပါစကားဝိုင်းဆွေးနွေးပွဲသို့ မြို့နယ်ပညာရေးမှူးရုံးမှတာဝန်ရှိသူများ၊ မြို့နယ်ပြန်/ဆက်ဦးစီး အရာရှိနှင့်ဝန်ထမ်းများ၊ အ.ထ.က(၃)ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားအပြီးတွင် မြို့နယ်ပြန်/ဆက်ဦးစီးဌာနက ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များကို တက်ရောက်လာသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်