ကျွန်းလှ၌ ဌာနပေါင်းစုံ အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပ

ကျွန်းလှ စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ဌာနပေါင်းစုံ အမျိုးသား အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ရွှေကျွန်းမြေမိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက ဌာနဆိုင်ရာဝန်ထမ်းများ အချင်းချင်းရင်းနှီးမှုရှိစေရန်၊ ကိုယ်စိတ်နှလုံး ရွှင်လန်းစေရန်၊ အားကစားကို လေ့ကျင့်လိုက်စားကြ စေရန်ရည်ရွယ်၍ ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပခြင်းဖြစ်ကြောင်း အမှာစကားပြောကြား သည်။

ယင်းနောက် ပြိုင်ပွဲဝင်းအားကစားအသင်းများက အားကစားသစ္စာဓိဌာန် ရွတ်ဆိုကြပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက အားကစားသမားများအား ရင်းရင်းနှီးနှီး မိတ်ဆက်ကြသည်။ အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဌာနပေါင်းစုံ အားကစား အသင်း ခြောက်သင်း၊ အားကစား သမား ၆၀ ဦးဖြင့် စက်တင်ဘာ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ