ခန္တီးမြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်

ခန္တီး စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန်၊ လုပ်ငန်းကျွမ်းကျင်မှုရှိစေရန်နှင့် ကိုယ်ရည်ကိုယ်သွေး မြင့်မားလာစေရန်ရည်ရွယ်၍ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲကို စက်တင်ဘာလ (၁၆)ရက်၊ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူးဒေါ်ခင်စောလင်းက Online(Zoom Meeting)ဖြင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုအကျယ်တဝံ့ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက်သင်တန်းတွင် ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်နန်းအေးခိုင်က ဝန်ထမ်းကျင့်ဝတ်၊ ရုံးလုပ်ငန်းဘာသာရပ်နှင့် လုထုဟောပြောနည်း အကြောင်းအရာများကိုလည်းကောင်း၊ ဒုတိယဦးစီးမှူးဦးဟန်မျိုးထွန်းက သတင်းရေးသားနည်းနှင့် ဗွီဒီယိုရိုက်ကူးတည်းဖြတ်နည်းကိုလည်းကောင်း၊ ဒုတိယဦးစီးမှူးဒေါ်အေးအေးခန့်က စာကြည့်တိုက်လုပ်ငန်းဘာသာရပ်ကိုလည်းကောင်း အသီးသီးသင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ ခန္တီးခရိုင်အတွင်းရှိ မြို့နယ်နှင့်မြို့ရုံးများမှ ဝန်ထမ်း(၁၁)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၁၅-၉-၂၀၂၃)ရက်နေ့မှ (၁၇-၉-၂၀၂၃)ရက်နေ့အထိ (၃)ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)