သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဇီးကုန်းမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ လုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေး

ဇီးကုန်း စက်တင်ဘာ ၁၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် စက်တင်ဘာ ၁၅ ရက်နေ့က ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက်၊ ရန်ကုန်ပြည်လမ်းရှိ ဇီးကုန်းမြို့နယ် သမဝါယမအသင်းစုလီမိတက်မှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးသည် တိုင်း၊ ခရိုင်အဆင့် တာဝန်ရှိသူများနှင့်အတူ ဇီးကုန်းမြို့နယ်သမဝါယမအသင်းစုလီမိတက်မှ ဆောင်ရွက်လျက်ရှိသော စပါးအခြောက်ခံစက်နှင့် ဆီစက်များအား ကြည့်ရှုစစ်ဆေးခဲ့ရာ သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းမြတ်ရွှေဇင်နှင့် အသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးခင်မောင်သန်းတို့က လုပ်ငန်းလည်ပတ် ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းပြသခဲ့ကြသည်။ ထို့နောက် ဒုတိယဝန်ကြီးက လုပ်ငန်းဆောင်ရွက်နေမှုအပေါ် လိုအပ်ချက်များနှင့် တိုးတက်အောင်မြင်အောင် ကြိုးစားလုပ်ဆောင် ရေးတို့ကို လမ်းညွှန်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)