မြို့သစ်မြို့နယ်တွင် လူငယ်ပညာပေးဟောပြောပွဲဆောင်ရွက်

မြို့သစ် စက်တင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ပညာပေးဟောပြောပွဲကို စက်တင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက မြို့လုလင်ကျေးရွာအုပ်စု၊ မြို့လုလင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

လူငယ်ပညာပေးဟောပြောပွဲတွင် မြို့လုလင်ကျေးရွာ(အ.ထ.က)ကျောင်းအုပ်ဆရာမကြီးဒေါ်သန်းသန်းဆွေက ကျောင်းသားကျောင်းသူများ ယဉ်ကျေးလိမ္မာမှုရှိစေရန်အတွက်  အသိပညာပေးဟောပြောပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ဝင်းအိဇွန်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုမရှိစေရန် အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသားကျောင်းသူများအနေဖြင့် အားလပ်ချိန်များတွင် စာအုပ်စာပေဖတ်ရှုခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန် ဆွေးနွေးဟောပြောခဲ့ကြောင်းသိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)