စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှု လိုက်လံကြည့်ရှု

မုံရွာ စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ သန့်ရှင်းသာယာလှပရေးနှင့် မြို့နေပြည်သူများစနစ် တကျအမှိုက်စွန့်ပစ်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုတို့အား ကာကွယ်တားဆီးနိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့ ‌ ‌‌ အောင်ချမ်းသာရပ်ကွက် ကန်သာယာ ရာပြည့်ကပ်ကျော်ဘုရားဝင်းအတွင်း  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများနှင့် လူမူရေးအသင်းအဖွဲ့များစုပေါင်း၍  ဘုရားရင်ပြင်‌တော် သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် ဘေး‌ပတ်ဝန်းကျင်ရှိ ‌သစ်ပင်ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းလုပ်ငန်းများအား စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ 

အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုအား တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့်  တာဝန်သူများက လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)