တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ၂၀၂၃ ခုနှစ်“ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်

ထားဝယ်   စက်တင်ဘာ ၁၆

"ရာသီဥတုပြောင်းလဲမှု လျှော့ချရေး အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်ပေး "ဟူသောဆောင်ပုဒ်နှင့်အညီ၂၀၂၃ ခုနှစ်ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မြန်မာနိုင်ငံအနေဖြင့် အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်းဗင်းရှင်း၊ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာမွန်ထရီရယ် နောက်ဆက်တွဲစာချုပ်နှင့် ၎င်း၏ ပြင်ဆင်ချက်များတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ အိုဇုန်းလွှာပျက်စီးစေမည့်ဒြပ်ပစ္စည်းများ လျှော့ချရပ်ဆိုင်းရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်မှုအနေဖြင့် ကလိုရိုဖလူရိုကာဗွန်(CFCs) တင်သွင်းမှုကို ၂၀၀၇ ခုနှစ်တွင် လည်းကောင်း၊ ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs) ဓာတ်ငွေ့သုံး မြင်းကောင်ရေ ၂.၅ အောက် လေအေးပေးစက် တင်သွင်းမှုကို၂၀၂၀ ပြည့်နှစ်တွင်လည်းကောင်း ရပ်ဆိုင်းခဲ့ပြီးဖြစ် ကြောင်း၊ ပြင်ဆင်ချက်များအနက် မြန်မာနိုင်ငံက ဝင်ရောက်ရန်ကျန်ရှိနေသည့် ကီဂါလီပြင်ဆင်ချက်ကို မကြာမီကာလအတွင်းအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်နိုင်ရေးကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ကီဂါလီပြင်ဆင်ချက်အရရေခဲသေတ္တာနှင့် လေအေးပေးစက်များ၊ . Chillers စတဲ့ အအေးပေးစက် ပစ္စည်းများတွင်ထည့်သွင်းအသုံးပြုသ်ည့ ဟိုက်ဒရိုဖလူရိုကာဗွန် (HFCs) သုံးစွဲမှုကို ၂၀၂၄ ခုနှစ်တွင် စတင်ကန့်သတ်ထိန်းချုပ်သွားမှာဖြစ်ပြီး ၂၀၂၉ ခုနှစ်မှ စတင်ကာ နှစ်အလိုက် လျှော့ချသွားရမည်ဖြစ်ပါကြောင်း၊ အိုဇုန်းလွှာသည် သက်ရှိများ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် မရှိမဖြစ်အရေးကြီးသည့်အလွှာ တစ်ခုဖြစ်သည့်အတွက် နောင်အနာဂတ်မျိုးဆက်များအထိ ဆက်လက်ထိန်းသိမ်းကြရ မှာဖြစ်ပါကြောင်း၊ အိုဇုန်းလွှာ ပျက်စီးစေပြီးကမ္ဘာကြီးပူနွေးမှုအညွှန်းကိန်းမြင့်မားစေသော ဒြပ်ပစ္စည်း များကို မလိုအပ်ဘဲ မသုံးစွဲကြရန်နှင့် ကမ္ဘာကြီး ပူနွေးမှု အညွှန်းကိန်းနိမ့်သော ဒြပ်ပစ္စည်းများကို ရွေးချယ် ဝယ်ယူအသုံးပြုကြရန်လိုအပ်ကြောင်း၊ သို့မှသာ အိုဇုန်းလွှာပျက်စီးမှု၊ ရာသီဥတုပြောင်းလဲမှုများကို လျှော့ချနိုင်မည့်အပြင် စားနပ်ရိက္ခာဆုံးရှုံးမှုအား ကာကွယ်နိုင်မည့်အကျိုး ကျေးဇူးများရရှိစေနိုင်မှာဖြစ်ကြောင်း၊  ရာသီဥတုပြောင်းလဲမှု လျှော့ချရေး အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်ပေး ဆောင်ပုဒ်နှင့်အညီ အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းတွေကို အားလုံးတတ်နိုင်သည်ကစပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ၂၀၂၃ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာဗီဒီယိုနှင့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဗီဒီယို ပြသမှုအာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများကကြည့်ရှပြီးကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီ စာကုံးဆုနှင့် သရုပ်ဖော်ပန်းချီဆုရရှိသောကျောင်းသား/သူများအားဆုချီးမြှင့်သည်။

ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အထိမ်းအမှတ်ပိုစတာများနှင့် ပြခန်းများပြသထားမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)