ကော့သောင်းမြို့၌ ယာဉ်မောင်းမွမ်းမံသင်တန်း အမှတ်စဉ် (၄/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ကော့သောင်းမြို့  စက်တင်ဘာ ၁၆

တနင်္သာရီတိုင်းဒေသကြီးကော့သောင်းခရိုင်၊ ကော့သောင်းမြို့ ခရိုင်မီးသတ်ဦးစီးဌာနမှကြီးမှူးဖွင့်လှစ်သည့် ယာဉ်မောင်းမွမ်းမသင်တန်းအမှတ်စဉ် (၄/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်က ခရိုင်မီးသတ်ဦးစီးမှူးရုံး၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်က သင်တန်းဆင်း အမှာစကားပြောကြားရာတွင် မီးသတ်ဦးစီးဌာနမှာ လက်ရှိအသုံးပြုလျက်ရှိတဲ့ မီးသတ်ယာဉ်အမျိုးမျိုးမှာ ယာဉ်မောင်းအဖြစ်ထပ်မံတာဝန်ချထားနိုင်ဖို့နဲ့ မီးသတ်ယာဉ်/စက်များ ကိုင်တွယ်မောင်းနှင်းရာမှာ ယာဉ်မောင်းသူတစ်ဦးအနေနဲ့ ရေ၏အလေးချိန် ၊ ဖိအားနဲ့လှုပ်ရှားမှု သဘောတရားများကို နားလည်သိရှိပြီး ဥပဒေ ၊ နည်းဥပဒေ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း များနဲ့အညီ စနစ်တကျမောင်းနှင်းနိုင်စေရန် သင်တန်းနည်းပြများက စာတွေ့လက်တွေ့ဘာသာရပ်များကို သင်ကြားပေးခဲ့ပြီးဖြစ်သည့်အတွက် သင်တန်းသားများအနေဖြင့်  သင်ကြားပေးလိုက်တဲ့ နည်းစနစ်တွေ သင်ခန်းစာတွေကို အကောင်းဆုံးအသုံးချပြီး နိုင်ငံတော်နဲ့တိုင်းရင်းသားပြည်သူတွေရဲ့အကျိုးကို ဆထက်တိုးထမ်းပိုးနိုင်ကြပါစေလို ကြောင်းပြောကြား ခဲ့သည်။

သင်တန်းကို ကော့သောင်းမြို့နယ်အတွင်းရှိ သန္ဓေ ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား (၁၀) ဦးကို စက်တင်ဘာလ  ၄ ရက်နေ့မှ  ၁၅ရက်နေ့ထိ ရက်သတ္တပတ် (၂) ပတ် သင်ကြားပေးခဲ့ကြောင်း သိရ သည်။

ခရိုင် (ပြန်/ဆက်)