ရွှေတောင်မြို့နယ်တွင် ကုန်ပစ္စည်းအရောင်းဆိုင်၊ တယ်လီဖုန်းအရောင်းဆိုင်၊ စားသောက်ဆိုင်နှင့် စားသုံးဆီအရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေး

ရွှေတောင် စက်တင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ပြည်ခရိုင် လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းများကို ခွဲခြားရောင်းချနေမှုများအား စစ်ဆေးအရေးယူရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရွှေတောင်မြို့နယ်တွင် ကုန်ပစ္စည်းအရောင်းဆိုင်၊ တယ်လီဖုန်းအရောင်းဆိုင်၊ စားသောက်ဆိုင်နှင့် စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

စစ်ဆေးရာတွင် ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်၊ ဆေးရုံလမ်းရှိ Dr.Mobile တယ်လီဖုန်းအရောင်းဆိုင်အား သက်မှတ်စျေးနှုန်းအတိုင်း ရောင်းချစေရေးနှင့် ရောင်းချသည့် SIM Card အမျိုးအစားများအား ခွဲခြား၍ မှတ်ပုံတင်စာရင်းဖြင့် ရောင်းချစေရေး၊ ယွန်းတန်းရပ်ကွက်၊ ပျော်ဘွယ်တန်းလမ်းရှိ K- ဝိုင်းဆီစက်အား အရောအနှောကင်းစေရေး၊ သတ်မှတ်စျေးနှုန်းအတိုင်းသာ ရောင်းချစေရေးနှင့် လက်ကားရောင်းချမှုမရှိစေရေး၊ Mr. Bart ကုန်ပစ္စည်းအရောင်းဆိုင်အား ကုန်ပစ္စည်းများကို ကုန်အမှတ်တံဆိပ်ခွဲခြား၍ ရောင်းချမှုမရှိစေရေးနှင့် သတ်မှတ်စျေးနှုန်းအတိုင်းသာ ရောင်းချစေရေး၊ ကြာနီကန်ရပ်ကွက်၊ ပြည်-ရန်ကုန် လမ်းရှိ သရဖူစားသောက်ဆိုင်တွင် ဆိုင်ဖွင့်ချိန်/ ပိတ်ချိန်အား လိုင်စင်စည်းကမ်းနှင့်အညီ ဖွင့်လှစ်ရောင်းချရေးတို့အား စစ်ဆေး၍ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)