ထားဝယ်မြို့တွင် ယာဉ်မောင်းမွမ်းမံသင်တန်း (အမှတ်စဉ်) ၄/၂၀၂၃သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ထားဝယ် စက်တင်ဘာ ၁၅

ယာဉ်မောင်းမွမ်းမံသင်တန်း (အမှတ်စဉ်) ၄/၂၀၂၃ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးဦးဇော်လင်းထွန်းက  မီးသတ်တပ်ဖွဲ့မှာရှိသော မီးသတ်ယာဉ်များ ကျွမ်းကျင်ပိုင်နိုင်စွာ မောင်းနှင်နိုင်‌ရေးအတွက် မီးသတ်ယာဉ်/စက်အမျိုးအစား၊ သုံးစွဲသည့်လောင်စာဆီအမျိုးအစား အလိုက်စက်စွမ်းအားနှင့် ဝန်ချိန်အနေအထားပေါ်မူတည်ပြီး မြေပြန့်လမ်း၊ တောင်တက်/တောင်ဆင်းလမ်း၊ လမ်းကျဉ်း/လမ်းကျယ်၊ လမ်းကောက်အနေအထားများတွင် ဦးနှောက်၊ နား၊ မျက်စိ၊ ခြေလက်များဖြင့် သေချာစွာ စဉ်စားချင့်ချိန်၍ မောင်နှင်ရန်လိုအပ်ကြောင်း၊ နည်းပြဆရာများက လေ့ကျင့်သင်ကြားပေးခဲ့သည့်အတိုင်း မိမိ၏စခန်း အသီးသီးကို ပြန်လည်ရောက်ရှိသည့်အခါ ကျွမ်းကျင်မှုရှိအောင် ဆက်လက်လေ့ကျင့်သွားကြရန်လိုအပ်ကြောင်း၊ သင်တန်းကပို့ချပေးလိုက်သော ပညာရပ်များကို ပိုမိုကျွမ်းကျင်မှုရှိအောင် ဆက်လက်လေ့ကျင့်သွားကြရန်နှင့် ပြည်သူလူထုကယုံကြည် အားကိုးရသော မီးသတ်တပ်ဖွဲ့ဝင်ကောင်းများဖြစ်အောင် ကြိုးစားသွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးက သင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

ငွေဇင်ယော်(ထားဝယ်)