ဖြူးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများရှိ KG တန်းနှင့် မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူများအား ကျောင်းသုံးကျောပိုးအိတ်များ လှူဒါန်း

ဖြူး စက်တင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းများရှိ KG တန်းနှင့်မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူကလေးများအား တရုတ်နိုင်ငံမှ ဦးဆောင်အလှူရှင် Mr. Alibaba Philanthropy လှူဒါန်းသည့် Panda Pack (မေတ္တာအိတ်ထုပ်) ဆက်စပ်ပစ္စည်း (၂၂) မျိူးပါဝင်သည့် ကျောင်းသုံးကျောပိုးအိတ်များအား ပူးပေါင်းကူညီပေးသော China Foundation For Rural Development (CFRD)  NGO အဖွဲ့မှ စက်တင်ဘာလအတွင်း လိုက်လံလှူဒါန်းပေးနေလျက်ရှိကြောင်း သိရသည်။

အဆိုပါ  လှူဒါန်းသော  Panda Pack (မေတ္တာအိတ်ထုပ်) ကျောင်းသုံးကျောပိုးအိတ်တွင် စာအုပ်၊ စာရေးကိရိယာ၊ ကွန်ပါဗူး၊  ရေဗူး၊  သွားပွတ်တံ၊ သွားတိုက်ဆေး၊ မိုးကာစသည့် ဆက်စပ်ပစ္စည်း (၂၂) မျိူးပါဝင်ပြီး ကျောင်းသုံးကျောပိုးအိတ်တစ်လုံးလျှင် KG တန်းနှင့်မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူ တစ်ဦးစီအတွက် ထောက်ပံ့လှူဒါန်းမည်ဖြစ်ရာ ဖြူးမြို့နယ်မြို့ပေါ် အ.ထ.က (၁) မှ (၇၃၀) ဦး၊ အ.ထ.က (၂) မှ (၉၉၀) ဦး၊ အ.ထ.က (၃) မှ (၁၀၀၀) ဦးနှင့် အ.ထ.က (၁) က ညွတ်ကွင်းမှ (၆၆၈) ဦးတို့အတွက် လှူဒါန်းပေးနေလျက်ရှိကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)