အမာမြို့  (၃)ဘဝသစ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

အမာ စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၁၀)နာရီအချိန်က (၃)ဘဝသစ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြသည်။

ရှေးဦးစွာ  ကျောင်းအုပ်တာဝန်ခံဆရာမ ဒေါ်ကျော့မေ (ဒုလယ်ပြ)မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နော်လေးလီယန်က ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရန်နှင့် လိမ္မာရေးခြားရှိစေရန် ရည်ရွယ်၍ ဟောပြောပွဲများကျင်းပရသည့် ရည်ရွယ်ချက်ချက်ကို ပြောကြားခဲ့သည်။ ထို့နောက် မြို့အထွေထွေအုပ်ချုပ်ရေးမှူး ဦးပြည့်စုံဝင်မှ ကျောင်းသား/သူ များကို “မူးယစ်ဆေးဝါးအန္တရာယ်”ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောပြီး၊ အမာနယ်မြေ ရဲစခန်းမှူး ရဲအုပ်ကျော်သူရမှ “မူးယစ်ဆေးဝါး ဥပဒေနှင့်ပုဒ်မ” များအကြောင်း ရှင်းပြပေးခဲ့ပြီး၊ ဘဝသစ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးဟန်မှ “ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း” ခေါင်းစဥ်ဖြင့်  အသီးသီး အသိပညာပေးဟောပြောခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ​အမာမြို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်စုံဝင်းနှင့်ဝန်ထမ်းများ၊ အမာနယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်သူရနှင့် ရဲတပ်သားများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နော်လေးလီယန်နှင့် ဝန်ထမ်းများ၊ ဘဝသစ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးဟန်၊ (၃)ဘဝသစ်ကျေးရွာ ကျောင်းအုပ်တာဝန်ခံဆရာမ ဒေါ်ကျော့မေနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူ များ စုစုပေါင်း (၁၃၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်ကျော်အောင် (အမာ ပြန်/ဆက်)