ပြည် စက်တင်ဘာ ၁၅
ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့ "ဆုံစည်းရာ"စာဖတ်ဝိုင်း (Book Club) အဖွဲ့တို့ လစဉ်ပူးပေါင်းဆောင်ရွက်သည့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀နာရီက ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌၌ ကျင်းပပြုလုပ်သည်။
စာဖတ်ဝိုင်းတွင် ရှေးဦးစွာ ဆုံစည်းရာစာဖတ်ဝိုင်း (Book Club) အဖွဲ့နာယက မြို့နယ်ပညာရေးမှူး (ငြိမ်း) ဦးခင်အောင်၊ စာရေးဆရာ မောင်မောင်ကြည်သန့်နှင့် စာရေးဆရာစိုးဇော်လှိုင်၊ စာရေးဆရာဦးသိန်းဝင်းတို့က စာပေရေးရာအကြောင်းများနှင့် စာဖတ်ဝိုင်းရေရှည်တံ့ရေးကို ဆွေးနွေးကြပြီး မုဒိတာစကားများ ပြောကြားသည်။
ထို့နောက် ဆုံစည်းရာစာဖတ်ဝိုင်း (Book Club) အဖွဲ့ဝင်များက စာရေးဆရာမောင်ခင်မင် (ဓနုဖြူ) ရေးသားသော "အမွေခံသူတစ်ယောက် အမွေပေးသူတစ်ရာဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ပြီး ယင်းစာအုပ်ပါ သုတ/ ရသစာပေအကြောင်းများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိုစိုး (ပြည်)