သရက် စက်တင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၂၃ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပခြင်းကို ယနေ့နံနက်(၉)နာရီက သရက်ခရိုင်ခန်းမ၌ ကျင်းပခဲ့ရာ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွပ်အုပ်ချုပ်ရေးမျူးနှင့် ရပ်ကျေးစာရေးများ၊ ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြသည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးတင်မျိုးလတ်က အဖွင့်အမှာစကားပြောကြားရာမှာ အိုဇုန်းလွှာဟာနေကလာပြီး အင်မတန်စွမ်းရည်မြင့်မား ဘေးအန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်လှိုင်းများကို အကာအကွယ်ပေးပါတယ် ယခုအခါ ခေတ်စနစ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ စက်ရုံအလုပ်ရုံတွေက ထွက်ရှိတဲ့ မီးခိုမြူငွေ့တွေ သဘာဝတောကြီးများအတွင်း အကြောင်းအမျိုးမျိုးကြောင့် တော်မီးလောင်ရာမှထွက်ရှိတဲ့ မီးခိုးငွေ့တွေ၊ လမ်းတွေပေါ်မှာ နာရီစက္ကန့်မလပ်သွားလာနေတဲ့ ယာဉ်အမျိုးမျိုးထွက်ရှိတဲ့ မီးခိုငွေတွေကြောင့် ကာဗွန်ဒိုင်အောက်ဆိုက်အပါအဝင် မှန်လုံအိမ်ဓါတ်ငွေ့ဟာ ကမ္ဘာကို ပိုမိုဖုံးအုပ် ထားသလိုဖြစ်ပြီး ကမ္ဘာမြေပူနွေးမှုကိုဖြစ်စေပါတယ်ဟု ပြောကြားပေးခဲ့သည်။
ထို့နောက် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အထက်တန်းဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပေးအပ်ရာ ပထမ၊ ဒုတိယ၊ တတိယ ရရှိခဲ့သည့် ကျောင်းသူများက လက်ခံပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)