နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ကယားပြည်နယ်ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်တွေ့ဆုံ၊ လွိုင်ကော်မြို့တွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကြည့်ရှု

လွိုင်ကော် စက်တင်ဘာ ၁၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ()၌ ကျင်းပပြုလုပ်သည့် ဘာသာရေးအသင်းအဖွဲ့များ၏ ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်()ရပ်နှင့် ဦးတည်ချက်()ရပ်နှင့်အညီ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးရရှိရေးအပြင် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး၊ လူငယ်မျိုးဆက်သစ်များ ဗလငါးတန်နှင့်ပြည့်စုံစေရေး သာသနာရေးဆိုင်ရာ လိုအပ်ချက်များအတွက် ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းနှင့် ဘာသာရေးအသင်းအဖွဲ့ခေါင်းဆောင်များအနေဖြင့် အခက်အခဲများ၊ လိုအပ်ချက်များနှင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ကောင်းမွန်သည့်အကြံပြုချက်များဖြင့် ရင်းနှီးစွာဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဒေသအတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူများ၏အားဖြင့် ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ လုပ်ငန်းများပုံမှန်ဆောင်ရွက်နိုင်ရေး ပံ့ပိုးဆောင်ရွက်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။

ယင်းနောက် ဘာသာရေးအသင်းအဖွဲ့(၁၁)ဖွဲ့မှ ခေါင်းဆောင်များက ဘာသာအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒေသကွပ်ကဲရေးမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ဘာသာရေးအသင်းအဖွဲ့များအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဘာသာရေးအသင်းအဖွဲ့ခေါင်းဆောင်များ၏ တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြပြီး ဘာသာရေးခေါင်းဆောင်များနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်စကား ပြောကြားခဲ့သည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ထားရှိသည့် အခြေအနေများ၊ မြေယာရှုခင်းအလှပြုပြင်ဆောင်ရွက်နေမှုများ၊ ပြည်သူများအပန်းဖြေစရာ အဓိကနေရာတစ်ခုဖြစ်သော နောင်ယားကန်သာ သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ထားရှိသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သီရိမင်္ဂလာဗဟိုဈေးကြီးသို့သွားရောက်၍ ဆန်၊ အသား၊ ငါး ပဲအမျိုးမျိုး အခြေခံစားသောက်ကုန်များ လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့ ရောင်းချနေမှုများအား လှည့်လည်ကြည့်ရှုခဲ့ပြီး ဈေးဝယ်ပြည်သူများနှင့် ဈေးရောင်းချသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။

ထို့နောက် သီရိမင်္ဂလာဗဟိုဈေးကြီး ဈေးရုံးခန်းမ၌ စျေးကော်မတီဝင်များ၊ စျေးအကျိုးတော်ဆောင်များ ၊ စျေးသူ၊ ဈေးသားများနှင့်တွေ့ဆုံပြီး ကယားပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိက ဈေးအတွင်းမီးဘေးအန္တရာယ်လုံခြုံရေးနှင့် အသစ်ထပ်မံတိုးချဲ့နေသည့် ဈေးဆိုင်ခန်းများနှင့် စပ်လျဉ်း၍လည်းကောင်း ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ၊ ဈေးအကျိုး တော်ဆောင်များနှင့် ဈေးသူ ၊ ဈေးသားများက ဈေးအတွင်းရောင်းချနေမှု အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က လုံခြုံရေးအခြေအနေအရ ဖွင့်လှစ်နိုင်ခြင်းမရှိသည့် ဈေးဆိုင်ခန်းများပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ပေးမှု အခြေအနေများနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဈေးအတွင်းဆောင်ရွက်နေသည့် ဈေးရုံ()ရုံအသစ်တည်ဆောက်ခြင်း အသား/ငါး ယင်လုံဈေးရုံ တည်ဆောက်ခြင်းနှင့် ဈေးရုံ(၁၂)ရုံအမိုးပြုပြင်ဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သီရိမင်္ဂလာတောင်တော်(တောင်ကွဲစေတီ)သို့သွားရောက် ဖူးမြော်ကြည်ညို၍ အလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့များက လက်ခံရယူခဲ့ပြီး သီရိမင်္ဂလာတောင်တော် (တောင်ကွဲစေတီ)ပုံတော်အား အမှတ်တရလက်ဆောင်ပြန်လည်ပေးအပ်ခဲ့သည်။

ထို့နောက် သီရိရတနာဓမ္မာရုံ အဘယမုဒြာဂန္ဓကုဋီတိုက် တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ပြည်နယ်(ပြန်/ဆက်)