အင်္ဂပူမြို့နယ်၌ သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားပြုလုပ်

အင်္ဂပူ စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ထန်းပင်ကန်ကျေးရွာအုပ်စု၊ သဲဖြူ‌ချောင်းတံတားအနီးရှိ သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့ နံနက်ပိုင်းက အင်္ဂပူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက ပြုလုပ်ခဲ့သည်။

အဆိုပါငါးမျိုးစိုက်ထည့်ခြင်းကို  မြန်အောင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်တာဝန်ခံ‌ ဒေါ်အေးမြင့်ဦး၊ အင်္ဂပူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်မော်မော်ဝင်းနှင့် မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရအကြီးအကဲများ၊ ဟင်္သာတမြို့နယ် ငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးငြိမ်းချမ်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများစုပေါင်းပြီး (၂)လက်မအောက်ခံ ငါးမြစ်ချင်းသားပေါက်ကောင်ရေ တစ်သိန်းငါးသောင်းတို့အား ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။

အင်္ဂပူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် စားသုံးနိုင်ရေးနှင့် ငါးထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရန် ရည်ရွယ်ပြီး အင်္ဂပူမြို့နယ်အတွင်းရှိ သဘာဝရေပြင်များသို့ ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)