နတ်မောက်မြို့တွင် မြို့ပတ်လမ်းရှိ‌ ရေမြောင်းများအား ရေစီးရေလာကောင်းမွန်ရေး ပြုပြင်ဆောင်ရွက်ပေး

နတ်မောက် စက်တင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် မြို့ပတ်လမ်းရှိရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပေါ်ရပ်ကွက်များ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသာယာလှပရေး၊ ခြင်ပေါက်ပွားမှုမဖြစ်ပွားစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးလုပ်ငန်းများကို အစဉ်တစိုက်ဆောင်ရွက်ပေးလျက်ရှိပြီး ရေမြောင်းအတွင်းရှိ ပေါက်မြက်များရှင်းလင်းခြင်း၊ တံတားအောက်တွင် ပိတ်ဆို့နေသည့် အမှိုက်များ၊ သဲနှုန်းများကို စက်ယန္တရားများဖြင့် ဆယ်ယူဆောင်ရွက်ခြင်းနှင့် ရေမြောင်း‌ဘေးရှိ သစ်ပင်ခြုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှဝင်း