ချောက်မြို့၌အလုပ်တွင် ထိခိုက်​သေဆုံးမှု​ကြောင့် ကျန်ရစ်သူ(​ငွေလုံး​ငွေရင်း) အကျိုးခံစားခွင့်ပေးအပ်

ချောက် စက်တင်ဘာ ၁၅

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊ ချောက်မြို့နယ် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံ​ရေးရုံး၏ ၂၀၁၂ ခုနှစ် လူမှုဖူလုံ​ရေး ဥပ​ဒေနှင့်အညီ အလုပ်တွင်ထိခိုက်​သေဆုံးမှု​ကြောင့် ကျန်ရစ်သူ(​ငွေလုံး​ငွေရင်း) အကျိုးခံစားခွင့်​ပေးအပ်ခြင်းအခမ်းအနားကို ယ​မန်​နေ့ ၁၁ နာရီအချိန်က ​​ချောက်မြို့ လူမှုဖူလုံ​ရေးရုံးတွင် ကျင်းပခဲ့သည်။

အဆိုပါ​အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊​ ချောက်မြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံ​ရေးအဖွဲ့၊ အလုပ်ရုံနှင့်အလုပ်သမားဥပ​ဒေစစ်ဆေး​ရေးဦးစီးဌာန တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများတက်​ရောက်ကြပြီး မြို့နယ်လူမှုဖူလုံ​ရေးရုံး မြို့နယ်တာဝန်ခံအရာရှိ​ ဒေါ်တင်လဲ့လဲ့​ဝေမှ ၂၀၁၂ ခုနှစ် လူမှုဖူလုံ​ရေးဥပ​ဒေပါ အကျိုးခံစားခွင့်များအ​ကြောင်း ရှင်းလင်း​ပြောကြားခဲ့သည်။

ထို​နောက် မြို့နယ်လူမှုဖူလုံ​ရေးရုံး မြို့နယ်တာဝန်ခံအရာရှိ ​ဒေါ်တင်လဲ့လဲ့​ဝေမှ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ် လူမှုဖူလုံ​ရေးရုံးခွဲ၌ အကျုံးဝင်မှတ်ပုံတင်ထား​သော Major Media International Advertising Co., Ltd မှ ​ချောက်မြို့တွင် တာဝန်ထမ်း​ဆောင်နေ​သော အာမခံအလုပ်သမား ဦး​အေးချမ်း​မောင်၏အလုပ်တွင် ထိခိုက်​သေဆုံးမှု​ကြောင့် ကျန်ရစ်သူအကျိုးခံစားခွင့် ​ငွေကျပ်၇၅၀၀၀၀၀၊ နာ​ရေးစရိတ်​ငွေကျပ် ၅၀၀၀၀၀၊ စုစု​ပေါင်း​ငွေကျပ် ၈၀၀၀၀၀၀ တိတိအား အ​ဒေါ်ဖြစ်သူ​ ဒေါ်​ပပဝင်းထံ  ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)