ကန့်ဘလူမြို့၌ စာဖတ်ဝိုင်းကျင်းပပြုလုပ်

ကန့်ဘလူ စက်တင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) နှင့်‌ ကျောင်းသားကျောင်းသူများ ပူးပေါင်း၍ စာရေးဆရာ‌ဖေမြင့်၏ "အပြောင်မြောက်ဆုံးဘ၀တစ်ခုတည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့် စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသု တများတိုးပွားပြီး ဘဝတိုးတက်အောင်မြင်မှုရရှိလာနိုင်ပုံများနှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။

 ဆက်လက်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပရာ Book Club အသင်းဝင်များနှင့် ကျောင်းသား ကျောင်းသူများက "အပြောင်မြောက်ဆုံးဘ၀တစ်ခုတည်ဆောက်ခြင်း" စာအုပ်မှ "အောင်မြင်ရမည်ဟူသော စိတ်ဓာတ်" ဆောင်းပါးအား ဒေါ်နန်းမြင့်ကလည်းကောင်း၊” ပြတ်ပြတ်သားသားဆုံးဖြတ် လုပ်ကိုင်တတ်ခြင်း” ဆောင်းပါးအား ဒေါ်ကြည်ဆန်းကလည်းကောင်း၊ "ကျားကုတ်ကျားခဲစိတ်ဓာတ်" ဆောင်းပါးအား မသန္တာထွေးကလည်းကောင်း၊ "မိမိ၏ဖြစ်နိုင်ခွင့်အလား အလာများကို အစွမ်းကုန်ဖွင့်ပါ" ဆောင်းပါးအား မချမ်းမြတ်သူကလည်း‌ကောင်း၊ ” အ‌ကောင်းဆုံးထက်ပိုကောင်းအောင" ဆောင်းပါးအား ဒေါ်မိုးသန္တာအောင်နှင့် မခိုင်မာတင်တို့ကလည်းကောင်း အသီးသီး ဆွေးနွေးကြသည်။

ထို့နောက် တက်‌ရောက်လာကြသူများက ဘာကိုဘဲလုပ်ကိုင်ပါစေမိမိ၏ ရည်ရွယ်ချက်ကို အောင်မြင်အောင်ကြိုးစားသင့်ကြောင်း၊ ဘယ်အရာကိုမဆို ကိုယ့်အစွမ်းအစဖြင့် ကိုယ့်အား ကိုယ်ကိုးစိတ်ဖြင့် ကြိုးစားသင့်‌ကြောင်း၊ အခက်အခဲမည်မျှပင် တွေ့ကြုံသော်လည်း ဖြစ်ကိုဖြစ်ရမည်ဆိုသော စိတ်ဆန္ဒဖြင့် ကြိုးစားပါကအောင်မြင်မှုကိုရရှိမည်ဖြစ်ကြောင်းနှင့် အတွေးအခေါ်အယူအဆများ မြင့်မားစေရန်မှာ စာအုပ်စာ‌ပေဖတ်ရှု့ခြင်းက မိမိဘ၀ကိုတိုးတက်စေသဖြင့် စာအုပ်စာပေများကို ဖတ်ရှု့ဖို့လိုအပ်ကြောင်း ယင်းတို့၏အမြင်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်၀င်းငြိမ်း (ကန့်ဘလူ)