မအူပင် စက်တင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်အား ယနေ့နံနက် (၈) နာရီမှစတင်၍ မအူပင်မြို့ပေါ်ရှိ လူစည်ကားသည့်နေရာများဖြစ်သည့် မြို့မဈေး၊ ကမ်းနားလမ်း၊ ဆယ်လန်း၊ အဝေးပြေးကားဂိတ်၊ မြို့ရှောင်လမ်းနှင့် ဘုရားလမ်းထိပ်တို့တွင် ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် အိုဇုန်းလွှာနှင့်၎င်း၏အရေးပါပုံ၊ အိုဇုန်းလွှာပျက်စီးမှုနှင့် ရာသီဥတုပြောင်းလဲမှုအကြား ဆက်နွယ်မှုများအကြောင်း၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ အိုဇုန်းလွှာပြောင်းလဲလာမှုအခြေအနေများအကြောင်း၊ အိုဇုန်းလွှာပျက်စီးခြင်းကြောင့် ဆိုးကျိုးသက်ရောက်မှုများအကြောင်းနှင့် အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုများပါဝင်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)