အိမ်မဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းများပြုလုပ်ပေးပြီး အသိပညာပေး နံရံကပ်စာစောင်များ ပြသ

အိမ်မဲ စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရေး၊ စာဖတ်သည့်အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ဟောပြောပွဲ စာဖတ်ဝိုင်းများနှင့် အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းကို ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင်အမက မြို့မ (၁) ကျောင်းတွင်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင် က ကျောင်းသား/သူ၊ လူငယ်၊လူရွယ်များအား အသိပညာဗဟုသုတရရှိစေရန်၊ စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားရေးအတွက် ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်းနှင့် စာဖတ်ခြင်းဖြင့်ဘဝကိုအလှဆင်ပါခေါင်းစဥ်တို့ဖြင့် အကျယ်တဝင့်ဟောပြောပေးခဲ့ပြီး မြို့မ (၁) ကျောင်းအတွက် စာအုပ်စာစောင်များကို လှူဒါန်းပေးခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ပြန်/ဆက် ဝန်ထမ်းများက ကျောင်းသား/သူ များကို စာဖတ်ဝိုင်းများ ပြုလုပ်ပေးခဲ့ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်၊ မူးယစ် ဆေးဝါးအန္တရာယ် သိကောင်းစရာအသိပညာ ပေးနံရံကပ်စာစောင်များကို ပြသထားရှိရာဆရာ/မ များနှင့်ကျောင်းသား/သူ များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

ချစ်သက်လယ် (အိမ်မဲ)