ပိုင်ကျုံမြို့၌ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့်  အုတ်စီရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်းများ ၈၅ ရာခိုင်နှုန်းပြီးစီး

ပိုင်ကျုံ  စက်တင်ဘာ  ၁၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့စည်ပင်သာယာရေးအဖွဲ့အ‌နေဖြင့် မြို့တွင်းသာယာလှပ‌ရေးနှင့်‌ ရေစီးရေလာကောင်းမွန်စေရေးအတွက် အုတ်စီရေမြောင်းများ တည်‌ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို  ၂၀၂၃-၂၀၂၄ ဘဏ္ဍာ‌ရေးနှစ်အတွင်း  ပြည်နယ်အစိုးရ၏ခွင့်ပြုရန်ပုံငွေ (၆၄.၄၅)သန်းဖြင့် အုတ်စီရေမြောင်း ၄ ခုကို မေလမှစတင် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများ ၈၅ ရာခိုင်နှုန်း ပြီးစီးပြီး ဖြစ်ကြောင်း သိရသည်။

ထိုလုပ်ငန်းများအား ပြီးစီးပါက မိုးတွင်းကာလတွင် ရေစီးရေလာကောင်းမွန်လာမည်ဖြစ်ပြီး ရေဝပ်ခြင်းမှကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများ  အချိန်မီပြီးစီးနိုင်ရေးအတွက် ပိုင်ကျုံမြို့ စည်ပင်သာယာအဖွဲ့မှ တာဝန်ရှိသူများတို့က  အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိ‌ ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)