ဝါးခယ်မမြို့နယ်၌ အသက် (၉) နှစ်ပြည့်ပြီး (၁၂) မကျော်သောကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဝါးခယ်မ စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က အသက် (၉) နှစ်ပြည့်ပြီး (၁၂) မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်စာရောဂါကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းလုပ်ငန်းညှိနှိုင်အစည်းအဝေးပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းထက်မှ သာအိမ်ခေါင်းကင်စာရောဂါ ကာကွယ်ဆေးထိုးနှံရခြင်း အ‌ကြောင်းအရာများကို ရှင်းလင်းပြောကြားခြင်း၊ သာအိမ်ခေါင်းကင်ဆာ ရောဂါဖြစ်ပွားရခြင်း၏ အကြောင်းအရင်းများအား ရှင်းလင်းပြောကြားခြင်း၊ သားအိမ်ခေါင်းကင်စာရောဂါကာကွယ်ဆေးကို အသက် (၁၂) နှစ်အရွယ်အမျိုးသမီးများအား ဦးစားပေး ထိုးနှံရခြင်းအကြောင်းအရာများအား ရှင်းလင်းပြောကြားခြင်းနှင့် သာအိမ်ခေါင်းကင်စာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံခြင်း‌ကြောင့် ဖြစ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးရှိ၊ မရှိရှင်းလင်းပြောကြားခဲ့ကြောင်း၊ ယင်းအခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ရွှန်းလဲ့ဝတ်ရည်အောင် နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းထက်နှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း (ပြန်/ဆက်)