ဘုတ်ပြင်းမြို့၌ ယာဉ်မောင်းမွမ်းမံသင်တန်း အမှတ်စဉ်(၄/၂၀၂၃)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ဘုတ်ပြင်း   စက်တင်ဘာ   ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ မီးသတ်ဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်သည့် ယာဉ်မောင်းမွမ်းမံသင်တန်း အမှတ်စဉ်(၄/၂၀၂၃)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်က မြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် ဘုတ်ပြင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲလင်းဦးက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် မီးသတ်ဦးစီးဌာနမှာ လက်ရှိအသုံးပြုလျက်ရှိတဲ့ မီးသတ်ယာဉ် အမျိုးမျိုးမှာ ယာဉ်မောင်းအဖြစ် ထပ်မံတာဝန်ချထားနိုင်ဖို့နဲ့ မီးသတ်ယာဉ်/စက်များ ကိုင်တွယ်မောင်းနှင်းရာမှာ ယာဉ်မောင်းသူတစ်ဦးအနေနဲ့ ရေ၏အလေးချိန်၊ ဖိအားနဲ့လှုပ်ရှားမှု သဘောတရားများကို နားလည်သိရှိပြီး ဥပဒေ၊ နည်းဥပဒေ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနဲ့အညီ စနစ်တကျ မောင်းနှင်းနိုင်စေရန် သင်တန်းနည်းပြများက စာတွေ့လက်တွေ့ ဘာသာရပ်များကို သင်ကြားပေးခဲ့ပြီးဖြစ်သည့်အတွက် သင်တန်းသားများအနေဖြင့် သင်ကြားပေးလိုက်တဲ့နည်း စနစ်တွေ သင်ခန်းစာတွေကို အကောင်းဆုံးအသုံးချပြီး နိုင်ငံတော်နဲ့တိုင်းရင်းသား ပြည်သူတွေရဲ့ အကျိုးကို ဆထက်တိုး ထမ်းပိုးနိုင်ကြပါစေလိုကြောင်းစသည့်များကိုပြောကြားခဲ့သည်။

သင်တန်းကို ဘုတ်ပြင်းမြို့နယ်အတွင်းရှိ သန္ဓေ ၊ အရန်မီးသတ် တပ်ဖွဲ့ဝင် သင်တန်းသား(၁၀)ဦးကို စက်တင်ဘာလ  ၄ ရက်နေ့မှ  ၁၅ ရက်နေ့ထိ  ရက်သတ္တပတ်(၂)ပတ် သင်ကြားပေးခဲ့ကြောင်းသိရ သည်။

မြို့နယ်( ပြန်/ဆက်)