လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌  “ကမ္ဘာ့အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်”  အများပြည်သူ အသိပညာပေး Talk Show   ကျင်းပ

လိပ်သို    စက်တင်ဘာ  ၁၅

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရုံးမှ Online စနစ်ဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့အိုဇုန်းလွှာ ကာကွယ်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် ဒေသနေပြည်သူများ၊ ကျောင်းသား/ကျောင်းသူများအား ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲမှုများ လျော့ကျ၍ သဘာ၀ပတ်ဝန်းကျင် ယိုယွင်း ပျက်စီးမှုမရှိစေရန် ထိန်းသိမ်းစောင့်ရှောက်ကြရ မည်ဖြစ်ကြောင်း သိရှိစေရန်  အသိပညာပေး Talk Show  အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ရိုက်ကူးတင်ဆက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အသိပညာပေး Talk Show တွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ မြို့ဉီးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က Online စနစ်ဖြင့်  ကမ္ဘာ့အိုဇုန်းလွှာကာကွယ် ရေးနေ့အထိမ်းအမှတ် အများပြည်သူအသိပညာပေး Talk Show ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လိပ်သိုမြို့ရုံးမှ အငယ်တန်းစာရေး နော်ဖလောရင်းဟန်က အိုဇုန်းလွှာထိန်းသိမ်းဖို့အတွက် ၁၉၈၇ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့မှာ ကနေဒါနိုင်ငံ မွန်ထရီယယ်မြို့မှာ  အိုဇုန်းလွှာထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးခဲ့ပြီး ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ အိုဇုန်းလွှာသည် အပြာရောင်ရှိကြောင်း၊ အနံအလွန်ပြင်းပြီး မြေပြင်အထက် ၁၉ မိုင်မှ ၂၅ မိုင် အတွင်း ကမ္ဘာ့လေထုရဲ့ ဒုတိယအလွှာဖြစ်သော စထရာတိုစဖီးယားအလွှာမှာ သဘာ၀ အလျှောက်ဖြစ်တည်နေကြောင်း၊ ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့သည် ကမ္ဘာ့ ပတ်ဝန်းကျင်ယိုယွင်းပျက်စီးစေပြီး သဘာ၀ဘေးအန္တရာယ်ကျရောက်မှုများလည်း ကမ္ဘာ့အနှံ့အပြား များပြားလာကြောင်း စသည့်အကြောင်းအရာများအား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ Online စနစ်ဖြင့်    အများပြည်သူအသိပညာပေး  Talk Show  အစီအစဉ်များကို လစဉ် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ အများပြည်သူတို့ သိသင့်သိထိုက်သည့် အကြောင်းအရာများဖြင့် ရိုက်ကူးတင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)