ကသာ စက်တင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူဗဟိုပြုသော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၊ အသိပညာပြန့်ပွားစေရေးနှင့် ပညာပေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၁၀)နာရီအချိန်က “ရာသီဥတုပြောင်းလဲလျှော့ချရေး အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ပေး” ခေါင်းစဉ်ဖြင့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Talk Show အစီအစဉ်ကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းအိအိဖြိုးက အိုဇုန်း၏ အဓိပ္ပါယ်၊ အိုးဇုန်းတည်နေရာ၊ အိုဇုန်းလွှာအကျိုးပြုပုံ၊ အိုးဇုန်းလွှာပျက်စီးမှု၊ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဖြစ်ပေါ်လာပုံနှင့် ပြုလုပ်ရခြင်းရည်ရွယ်ချက်များ၊ အိုဇုန်းလွှာ၏ အရေးပါမှု၊ အိုဇုန်းလွှာပျက်စီးစေသော အကြောင်းအရင်းများ၊ အိုဇုန်လွှားပျက်စီးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ အိုဇုန်းလွှာနှင့် ရာသီဥတုပြောင်းလဲမှုအကြောင်းများကို မေးမြန်းဆွေးနွေးခဲ့ရာ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မိုးမိုးငြိမ်းက မေးမြန်းဆွေးနွေးမှုများအပေါ် ကမ္ဘာကြီးကို လေထုအလွှာ(၅)လွှာဖြင့် လွှမ်းခြုံထားကြောင်း၊ အိုဇုန်းသည် ကမ္ဘာ့အပူချိန်မျှတမှုအား ထိန်းသိမ်းပေးကြောင်း၊ အိုဇုန်းလွှာ၏ အဓိကလုပ်ဆောင်ချက်မှာ နေမှလာသည့် အပူချိန်ကို ထိန်းညှိပေးကြောင်း၊ ခရမ်းလွန်ရောင်ခြည်ကျရောက်မှုကို ကာကွယ်ပေးကြောင်း၊ ပျက်စီးနေသည့် အိုဇုန်းလွှာ ပြန်လည်ကောင်းမွန်လာစေရန် ပြည်သူများအနေဖြင့် အအေးပေးစက်ပစ္စည်းသုံးစွဲခြင်းအား လျှော့ချပေးနိုင်မည့် နည်းလမ်းများ အစရှိသည့်အကြောင်း အရာများကို ပြန်လည်ဆွေးနွေး ပြောကြားခဲ့သည်။
ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးအစီအစဉ် များကို Online မှတဆင့် ဆောင်ရွက်ပေးလျက်ရှိရာ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်စွာထွန်း(ကသာ)