သံတောင်ကြီး စက်တင်ဘာ ၁၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် အမျိုးသမီးများတွင် အဖြစ်များသည့် သားအိမ်ခေါင်းကင်ဆာရောဂါအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကို ယနေ့နံနက်(၁၀)နာရီအချိန်က Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါသားအိမ်ခေါင်းကင်ဆာရောဂါအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ နော်လော်မူနှင့် ဒုတိယဦးစီးမှူး နော်နီလာအေးတို့က အိတ်ချ်ပီဗီကာကွယ်ဆေးဆိုတာဘာလဲ၊ ကာကွယ်နိုင်သည့် ရောဂါများ၊ ကူးစက်နိုင်သည့် နည်းလမ်းများ၊ အိတ်ချ်ပီဗီကူးစက်ပါက ဖြစ်ပေါ်လာသည့်ရောဂါ လက္ခဏာများ၊ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားပါက နောက်ဆက်တွဲ ပြဿနာများ၊ အိတ်ချ်ပီဗီကူးစက်ခံရပြီး အချိန်မည်မျှကြာလျှင် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှု၊ အိတ်ချ်ပီဗီပိုး မကူးစက်စေရန် ကာကွယ်ရန် နည်းလမ်းများ၊ သားအိမ်ခေါင်းကင်ဆာရောဂါ မဖြစ်ပွားအောင် ကာကွယ်ရမည့် နည်းလမ်းများ၊ အိတ်ချ်ပီဗီကာကွယ်ဆေးထိုးနှံရမည့် အသက်အရွယ် အပိုင်းအခြား စသည့် အကြောင်းအရာများအား အပြန်အလှန် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ရုံးအနေဖြင့် အွန်လိုင်းမှတစ်ဆင့် အသိပညာပေး Talk Show များကို လွင့်တင်ပေးလျက်ရှိရာ သားအိမ်ခေါင်းကင်ဆာရောဂါအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆောင်ရွက်နေမှုအား နော်ဘူဘော Page ထုတ်လွှင့်ပြသပေးမည်ဖြစ်ကြောင်း သိရသည်။
နော်နော်မူ