တနင်္သာရီ၌မဲရုံမှူး၊ဒုမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်ပို့ချပေးမည်


တနင်္သာရီ   အောက်တိုဘာလ  ၁၈

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသည် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် လွှတ်တော်ရွေးကောက်ပွဲတွင် အရေး ကြီးသော အခန်းကဏ္ဍမှပါဝင်သည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များအား အောက်တိုဘာလ ၁၉ ရက် နေ့မှစ၍ နယ်မြေ(၇)နေရာခွဲ၍ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် မဲရုံမှူး၊ ဒုမဲရုံမှူး လုပ်ငန်းလမ်းညွှန်များအတိုင်း ရွေးကောက်ပွဲလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် သင် တန်းများ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ယင်းသို့ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား သင်တန်းပို့ချဆောင်ရွက်ရာတွင် မြို့နယ် ပညာရေးမှူးရုံးမှ ခန့်အပ်ရန်ရွေးချယ်ထားသော ပညာရေးဝန်ထမ်းများဖြစ်သည့် မဲရုံမှူး၊ ဒုမဲရုံမှူး များနှင့်မဲရုံအဖွဲ့ဝင်(တစ်)ဦးစီအား မဲရုံတစ်ရုံလျှင်(၃)ဦးစီဖြင့် နယ်မြေ(၇)နေရာ၌ အောက်တိုဘာ (၁၉)ရက်မှ(၂၇)ရက်အထိ သတ်မှတ်နေ့ရက်များအတိုင်း သင်တန်းပို့ချပေးမည်ဖြစ်ကြောင်း၊ နယ် မြေ(၁)ကို အထက(ခွဲ)သာရဘွင်၌လည်းကောင်း၊ နယ်မြေ(၂)မှာ ဘန်းလမွတ်ရွာဘုန်းကြီးကျောင်း၊ နယ်မြေ(၃)မှာ အထက-ပဝရွာ၊ နယ်မြေ(၄)မှာ အထက-ညောင်ပင်ကွင်းရွာ၊ နယ်မြေ(၅)က အလ က-သိန်ခွန်းရွာ၊ နယ်မြေ(၆)မှာအထက-မောတောင်မြို့တွင်လည်းကောင်း၊ နယ်မြေ(၇)မှာချောင်း ကြီးရပ်ကွက်ဘုန်းကြီးကျောင်းတို့တွင် လည်းကောင်း လျာထားသတ်မှတ်ထားကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရုံးမှ သိရှိရသည်။


နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)