မော်လမြိုင်ကျွန်းမြို့နယ်၌ ဆန္ဒမဲလက်မှတ်များ နေ့ချင်းပြီး စစ်ဆေးဆောင်ရွက်ပြီးစီး


မော်လမြိုင်ကျွန်း အောက်တိုဘာ ၁၈

မော်လမြိုင်ကျွန်းမြို့နယ်သို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပေးပို့လာသော ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့်   ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များကိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်ရဲစခန်း၊ဓမ္မာရုံတွင် ဖွင့်ဖောက်စစ်ဆေးခဲ့သည်။

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရမည့် မဲဆန္ဒနယ်အလိုက် ရရှိမည့် ဆန္ဒမဲလက်မှတ် အရေအတွက် ပြည့်/မပြည့်၊  စွန်းထင်း စုတ်ပြဲနေသော ဆန္ဒမဲလက်မှတ် ပါဝင်မှု ရှိ/ မရှိ၊  သတ်မှတ်မဲဆန္ဒနယ်၏ ဆန္ဒမဲလက်မှတ် ဟုတ်/မဟုတ်၊ ပါဝင်ရမည့် ကိုယ်စားလှယ်လောင်း အရေအတွက် မှန်/မမှန်နှင့် ကိုယ်စားလှယ်လောင်းများ၏ အမည်၊ အသုံးပြုသင်္ကေတ (logo)များမှန်ကန်မှု ရှိ/ မ ရှိ တို့ကိုစစ်ဆေးပြီးမြို့နယ်အတွက်ပြည်သူလွှတ်တော်(၄၉၈၃)အုပ်၊ အမျိုးသားလွှတ်တော်(၄၉၈၃)အုပ်၊ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်  ( ၂၅၃၈)အုပ်၊ အမှတ်(၂) တိုင်းဒေသကြီး ( ၂၄၃၃)အုပ်၊ ရခိုင်ကိုယ်စားလှယ်( ၁၁) အုပ်၊ ကရင်ကိုယ်စားလှယ်(၅၄၁)အုပ်တို့ အားနေ့ချင်းပြီး စစ်ဆေး ပြီးစီးပြီးဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးစိုးမိုးနိုင်ထံမှ သိရှိရသည်။


သီတာအောင်(ပြန်ဆက်)