ပန်းတနော် အောက်တိုဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်း မီးဘေးအန္တရာယ်ဖြစ်ပွားမှု မရှိစေရေး အတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ လိုက်လံစစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြသည်။
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ကာလအတွင်း မီးဘေးလုံခြုံမှုရှိစေရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ တည်းခိုခန်းများ၊ စက်သုံးဆီဆိုင်များ၊ စက်ရုံအလုပ်ရုံများ၊ စားသောက်ဆိုင်များ၊ ဆေးရုံ၊ မြို့မစျေးစသည့်နေရာများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးအကြံပြုချက်များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပန်းတနော်)