ဓနုဖြူ စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကျောင်းဝန်းအတွင်း ဧရာဝတီမြစ်ရေဝင် ရောက်သဖြင့် အခြေခံပညာကျောင်း (၄)ကျောင်းအား ယာယီပိတ်ထားကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။
ဧရာဝတီမြစ်ရေဝင်ရောက်သဖြင့် ဓနုဖြူမြို့နယ် ဆကာကြီးတိုက်နယ် ထုံးဘိုအုပ်စုရှိ အ.မ.က(ကံလှ)၊ ကမ်းငူကြီးကျေးရွာအုပ်စု အ.မ.က (ကျားကျွန်း)နှင့် အ.ထ.က(ခွဲ) လက်ပံဇင်ကျွန်း၊ နန်းတော်ကုန်း ကျေးရွာအုပ်စုရှိ အ.မ.က(ခွဲ) အောင်မြေသာယာကျွန်းသည့် ကျောင်း(၄)ကျောင်း တို့အား စက်တင်ဘာလ (၁၁)ရက်နေ့မှ (၁၇)ရက်နေ့အထိ ယာယီပိတ်ထားပြီး ပြန်လည်အစားထိုး တက်ရောက်နိုင်ရေး သတ်မှတ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)