ကြံခင်းမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံခြင်း အစီအစဉ် (MCCT) အခမ်းအနားကျင်းပ

ကြံခင်း စက်တင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်(ဧပြီ၊ မေ၊ ဇွန်) လများအတွက် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံခြင်း အစီအစဉ် (MCCT) အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

 အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က အမှာစကား ပြောကြားရာ တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) လ အတွက် (MCCT) ထောက်ပံ့မှုများကို ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် လက်ဝယ် အရောက် ထောက်ပံ့ပေးနိုင်ရေးဆောင်ရွက်ကြရန်နှင့် ထောက်ပံ့ပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာ သော အသက်(၂)နှစ်အောက် ကလေးသူငယ်များအတွက် (ဧပြီ၊ မေ၊ ဇွန်)လ ထောက်ပံ့ငွေများ အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇင်မာဦးနှင့် တာဝန်ရှိသူများက  သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ အား ထောက်ပံ့ငွေများပေးအပ်ကြသည်။

ကြံခင်းမြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာ (၃၅)အုပ်စုတွင် ကိုယ်ဝန်ဆောင်မိခင်(၃၉၇)ဦးနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်(၇၈၈)ဦးအတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၅၁၅၁၀၀၀ဝိ/) အား ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)