ကြံခင်းမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကြံခင်း စက်တင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ဧရာဦးခန်းတွင် စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်းက မိုးနေကြာသတ်မှတ်ရက်အတွင်း အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ရေး၊  စားအုန်းဆီများ ဈေးကွက်အတွင်းရည်ညွှန်းဈေးဖြင့် ရပ်ကွက်/ကျေးရွာများရှိ အခြေခံလူတန်းစားများ လက်ဝယ်ရောင်းချပေးရေးဆောင်ရွက်ကြရန်၊ မိုးရာသီအမျိုးသမီးဘောလုံးပွဲ ဖွင့်လှစ်ကျင်းပနိုင်ရေးအား ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုးနှင့် အတွင်းရေးမှူး(၁)ဗိုလ်မှူးသန်းထွဋ်တို့က ဒေသတွင်းလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပတ်သက်သည်များ၊ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ၊ လုံခြုံရေးဆောင်ရွက်ရမည့် အချက်များကို ပူးပေါင်းပါဝင်ဆောင်ရွက်ရမည်များအား ညှိနှိုင်းဆွေးနွေးပြီးနောက်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများမှ ဌာနလုပ်ငန်းများကို အသီးသီးဆွေနွေးကြရာ  မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူးဒေါက်တာဝင်းနိုင်က   အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV)ထိုးနှံခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ပရိုဂျက်တာဖြင့်ရှင်းလင်းဆွေးနွေးပါသည်။

ထိုနောက်တတ်ရောက်လာကြသော ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုးများ၊ စာရေးများမှလုပ်ငန်းနှင့် ပတ်သက်သည်များအား မေးမြန်းခြင်း သက်ဆိုင်ရာဌာနဆိုင်ရာများမှ ပြန်လည်ရှင်းလင်းဆွေးနွေးညှိနှိုင်းကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ နိဂုံးချုပ်ပြောကြားပြီးနောက်၊ မိုးရာသီကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲကျင်းပနိုင်ရန်   အားကစားဝတ်စုံများကို ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇေမင်းထွန်းအား ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)