ဝေါ အောက်တိုဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး (၁၅)ဦးထပ်မံတွေ့ရှိရပြီး စုစုပေါင်း(၅၉)ဦးအထိ တွေ့ရှိလာပြီဖြစ်ကြောင်း သိရသည်။
ထပ်တိုးလူနာများမှာ အောက်ဆိုဘာလ ၁၅ ရက်နေ့တွင် Swab နမူနာရယူပြီး အောက်ဆိုဘာလ ၁၆ ရက်နေ့တွင် NHL သို့ ပေးပို့စစ်ဆေးခဲ့သည့် (၁၂၁)ဦးမှ ကိုဗစ်-၁၉ ရောဂါပိုး(၁၅)ဦး တွေ့ရှိရပြီး အထကဝေါအရှေ့ Facility Quarantine မှ Contact (၅)ဦး၊ အထကဝေါ Facility Quarantine မှ Contact (၁)ဦး၊ အထက အင်းတိုင်စု Facility Quarantine မှ ရန်ကုန်ပြန်(၁)ဦး၊ အလကမြကုန်း Facility Quarantine မှ ရန်ကုန်ပြန်(၁)ဦး၊ မူလွန်ကော့ဝင်း Facility Quarantine မှ ရန်ကုန်ပြန် (၇)ဦး ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ စုစုပေါင်း(၅၉)ဦးရှိပြီး သက်သာပျောက်ကင်း၍ ဆေးရုံမှ ပြန်လည်ဆင်းခွင့်ရသူ(၁၈)ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ဟိန်းမာန်(ပြန်/ဆက်)