ပုသိမ်မြို့ရှိ ဈေးဆိုင်များတွင် စားအုန်းဆီများအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ပုသိမ် စက်တင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် စားအုန်းဆီရောင်းချလျက်ရှိသော ဈေးဆိုင်များတွင် စားအုန်းဆီများအား သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နေ့လည် ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးစိုးပိုင်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးဝင်းမြင့်နှင့်တာဝန်ရှိသူများက ပုသိမ်မြို့ရှိစားအုန်းဆီရောင်းချသောစျေးဆိုင်များတွင် စားအုန်းဆီခွဲတမ်းရရှိမှု၊ ရောင်းချပြီး၊ ရောင်းချရန်ကျန်ရှိမှုများနှင့် ရောင်းချသည့် စျေးနှုန်းများ မှန်ကန်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး ဖြန့်ဝေ​ရောင်းချလျက်ရှိသော ဆိုင်များလည်း သတ်မှတ်စျေးနှုန်းများ အတိုင်းရောင်းချရေးတို့ကို စစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြင့်ဟန်(ပြန်/ဆက်)