ကော့သောင်းမြို့တွင် သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး (HPV) ထိုးနှံခြင်းနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပ

ကော့သာင်း စက်တင်ဘာ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် အသက် (၉) နှစ် ပြည့်ပြီး (၁၂) နှစ် မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV) ထိုးနှံခြင်းနှင့် ပတ်သက်၍ ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀:၀၀) နာရီအချိန်က  ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ကျန်မာရေးဦးစီးဌာန၊ ဆေးရုံအုပ်ကြီး ဒေါက်တာလင်းထိုက်က  ပြောကြားခဲ့ပြီး  ကျောင်းအခြေပြုနှင့် ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်း၏ ရည်မှန်းချက်များ၊ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံမည့် အသက်အရွယ် သတ်မှတ်ချက်များ၊  သားအိမ်ခေါင်းကင်ဆာ ရောဂါ ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်များ၊ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံရန်အတွက် ကြိုတင်ပြင်ဆင်လျက်ရှိသည့်လုပ်ငန်းများ၊ သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပြီး ဖြစ်ပွားနိုင်သည့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ၊ အဓိက သတင်းအချက်အလက်များအား ဆွေးနွေးပြောကြားခဲ့သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးအား အသက် (၉) နှစ် ပြည့်ပြီး (၁၂) နှစ် မကျော်‌‌သော မိန်းကလေးငယ်များတွင်  စတင်ထိုးနှံရန်၊ ကျောင်းအခြေပြုနှင့် ပြည်သူလူထု အခြေပြုပုံစံများဖြင့်  ထိုးနှံခြင်းဖြင့် လွှမ်းခြုံမှု မြင့်မားစွာ ထိုးနှံ၍ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံမှုကို ရပ်ရွာတိုင်းသို့ ရောက်ရှိရန်နှင့် ရည်မှန်းထားသော သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှု ရရှိစေရန်၊ အောင်မြင်သော သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံမှု အစီအစဉ် ဖြစ်စေရန်အတွက် ဌာနအချင်းချင်း အဆင့်တိုင်းတွင် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် စက်တင်ဘာလ (၁၈) ရက်နေ့မှ (၂၉) ရက်နေ့အထိ ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းကိုလည်းကောင်း၊ အောက်တိုဘာလ (၁၆) ရက်‌နေ့မှ (၂၇) ရက်နေ့အထိ ပြည်သူလူထုအခြေပြု ကာကွယ်ဆေး ထိုးနှံခြင်းတို့ကိုလည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခရိုင်/မြို့နယ် ပညာရေးမှူးနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကျေးရွာ/ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)