ကေ့ာကရိတ်မြို့ လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေး (Talk Show) ကျင်းပ

ကေ့ာကရိတ် စက်တင်ဘာ ၁၄

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်နေ့တွင် ကျရောက်သည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို အများပြည်သူများသိရှိစေရေး ရည်ရွယ်၍ ကရင်ပြည်နယ်၊ ကေ့ာကရိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွှဲ(၂)နာရီချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သင်းမြတ်သော်က လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်  (Talk Show) ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး လူကုန်ကူးမှုဆိုသည်မှာ၊ လူကုန်ကူးမှု အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ လူမောင်ခိုမှုတို့ကိုလည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဒေါဖြိုးသဥ္ဇာနွယ်က ရွှေ့ပြောင်းသွားလာမှုတို့၏  လူကုန်ကူးရောင်းဝယ်မှုအခြေအနေ အမျိုးအစားများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးမှုနှင့် ပတ်သက်သည့် သိရှိထားသင့်သည့် ဆောင်ရန်ရှောင်ရန်အချက်များ  စသည့်အကြောင်းအရာများအား  အများပြည်သူကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ဆွေးနွေးခဲ့ကြသည်။

ကေ့ာကရိတ်ခရိုင်၊ ပြန်ဆက်ဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရေးအတွက် (Talk Show) အစီအစဉ်များကို လစဉ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ အများပြည်သူတို့ သိသင့်သိထိုက်သည့် အသိပညာပေးအစီစဥ်များကို တင်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

KMW(ခရိုင်ပြန်/ဆက်)