မင်းလှ စက်တင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် အလယ်တန်းဆင့် Grade-9 ပြီး မြောက်အောင်မြင်သော ကျောင်းသား/ သူများ ပညာသင်ယူနိုင်မည့်အခွင့် အလမ်းများနှင့်စပ်လျဉ်း၍ အသိပေးဟောပြောခြင်းကို အ.ထ.က မင်းလှ (မြို့တွင်း) ကျောင်းအေးမြသီတာခန်းမ၌ စက်တင်ဘာ ၁၃ ရက် နေ့လယ် ၁ နာရီခွဲချိန်က ပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောရာတွင် အ.ထ.က မင်းလှ တာဝန်ခံကျောင်း အုပ်ဆရာမကြီး ဒေါ်သန်းသန်းထက်က အခြေခံပညာအလယ်တန်းဆင့် (Grade-9) ပြီးမြောက်အောင်မြင်ပြီး ပညာဆက်လက်သင်ယူမည့် ကျောင်းသား/ သူများနှင့် မိဘပြည်သူများသိရှိနိုင်စေရန် (၁) အခြေခံ ပညာအထက်တန်းဆင့် (၂) စက်မှုနည်းပညာ (၃) စိုက်ပျိုးရေးအတတ်ပညာ (၄) မွေးမြူရေးအတတ်ပညာစသည့် ပညာရေးလမ်းသွယ် (၄) မျိုး ရွေးချယ်သင်ယူနိုင်မည့် အခွင့်အ လမ်းများအကြောင်း၊ စိတ်ပါဝင်စားသည့် မည်သူမဆိုတက်ရောက်သင်ယူနိုင်ရေးအတွက် လျှောက်ထားနိုင်မည်ဖြစ်ကြောင်းတို့ကို အသေးစိတ် ရှင်းလင်းပြောကြားသည်။
ထို့နောက် (Grade-9) သင်ကြားနေသည့် ဆရာများကိုယ်စား ဆရာမဒေါ်မာမာဦးက မိဘများအား သားသမီးများကို အမှတ်ကောင်းများစွာဖြင့် အောင်မြင်နိုင်ရေးအတွက် ကျောင်းစာကို စိတ်ဝင်စားပြီး ကြိုးစားကြပ်မတ်ကြရန် တွန်းအားပေးဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
အဆိုပါအသိပေးပြောကြားရာသို့ (Grade-9) ကျောင်းသားမိဘများ စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)