သရက် စက်တင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး သရက်ခရိုင်အတွင်းရှိ ခရိုင်မြို့နယ်/တိုက်နယ် ပြည်သူ့ဆေးရုံများအားလုံး၌ ဆေးကုသမှုခံယူရပါက လူနာအမျိုးအစား(၅)မျိုး အား အခမဲ့ဆေးကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သရက်မြို့နယ်တွင် စက်တင်ဘာလဆန်းမှစ၍ ဆောင်ရွက်ပေးနေပြီဖြစ်ပြီး လူနာအမျိုးအစား (၅)မျိုးမှာ အရေးပေါ်ရောက်ရှိလာသော လူနာအားလုံး၏ ပထမဆုံးရောက်ရှိသည့်ရက်၊ ဆင်းရဲနွမ်းပါး သူများအားလုံး၊ အသက်(၈၀)နှင့်အထက် သက်ကြီးဘိုးဘွားများ အားလုံး၊ အသက်(၆၀/၆၂)နှစ် လုပ်သက်ပြည့်တာဝန်ထမ်းဆောင်ပြီး ပင်စင်စားနိုင်ငံ့ဝန်ထမ်းများ အားလုံးနှင့် လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော ပြည်သူ့ဝန်ထမ်း/ နိုင်ငံ့ဝန်ထမ်း (နေ့စားဝန်ထမ်းမပါ) အားလုံး ဆေးကုသပေးသွားမည် ဖြစ်ကြောင်း သရက်ခရိုင်ကုသရေးဦးစီးဌာနမှူးထံမှ သိရှိရသည်။
ဇော်ထက်(သရက်)