ကံမမြို့၌ ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ကံမ စက်တင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးလိပ်၊ ဆေးရွက်ကြီး၊ အရက်၊ ကွမ်းယာ စသည်တို့၏ ဆိုးကျိုးများကို လူငယ်များသိရှိစေရန် ရည်ရွယ်၍ ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များကို မြို့နယ်အားကစားကွင်း၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ ယမန်နေ့ညနေ(၃)နာရီက ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ဆေးရွက်ကြီးနှင့် ဆေးလိပ်ကြောင့်ဖြစ်ပွားနိုင်သော ကင်ဆာရောဂါများ၊ သတိပြုဖွယ် E-စီးကရက် အန္တရာယ်၊ E-စီးကရက်၏ အဓိပ္ပာယ်၊ E-စီးကရက်၏ ပုံစံအမျိုးမျိုး၊ E-စီးကရက်အငွေ့တွင်ပါဝင်သော အန္တရာယ်ရှိပစ္စည်းများ၊ E-စီးကရက်၏ ဘေးထွက်ဆိုးကျိုးများပါဝင်ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)