ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) ချေးငွေများဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဆောင်ရွက်နေမှုအား ကွင်းဆင်းကြီးကြပ်ပြီး ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

 

ပခုက္ကူ  အောက်တိုဘာ ၁၈

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP) ချေးငွေများဖြင့် ပခုက္ကူမြို့နယ်၊ ဖောင်းကွဲကျေးရွာတွင် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေတို့အား တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းကြီးကြပ်ပြီး ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ကြသည်။

ပခုက္ကူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဇာဝင့်နှင့်ဝန်ထမ်းများသည် ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း (၃၀၀)ချေးငွေများဖြင့် ပခုက္ကူ မြို့နယ်၊ ဖောင်းကွဲကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်နှင့်အသေးစားစီးပွားရေးလုပ်ငန်းများ စသည့်  အသက် မွေးဝမ်းကျောင်းလုပ်ငန်းများဆောင်ရွက်မှုအခြေအနေတို့ကို ကွင်းဆင်းကြီးကြပ်ပြီး စာရင်းဇယားများ၊ မှတ်တမ်းစာအုပ်များ စနစ်တကျပြုစုဆောင်ရွက်ထားရှိရေး၊ လုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရေး တို့နှင့် ပတ်သက်၍ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးကြသည်။ ထို့အပြင် အဆိုပါကျေးရွာ ကျေးရွာမတည် ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီဝင် (၁၃၂) ဦးရှိပြီး ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များ၊လက်သန့်ဆေးရည် (Hand Gel) များ အခမဲ့ထောက်ပံ့ပေးအပ်ကြသည်။

ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)သည် ကိုဗစ်-၁၉ကာလအတွင်း စိုက်ပျိုးရေး၊မွေးမြူရေး၊ အရောင်းအဝယ်နှင့် အသေးစားစီးပွားရေးလုပ်ငန်းများ စသည့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်လိုသည့် ကျေးလက်နေပြည်သူ လုပ် ကွက်ငယ်တောင်သူများအတွက် ငွေကြေးအရင်းအနှီးများရရှိစေရန် ဆောင်ရွက်ခြင်းဖြစ်ပြီး ပခုက္ကူမြို့နယ်အတွင်း ကျေးရွာ(၁၃) ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဆလိုင်းကိုကီး