ဘောဂလိမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးလုပ်ငန်းများဆောင်ရွက်

ဘောဂလိ  စက်တင်ဘာ  ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ဒေသနေပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးလုပ်ငန်းကို ယမန်နေ့က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့ဦးစီးမှူး ဒေါ်ကြည်ကြည်ခိုင်က မြန်မာနိုင်ငံတစ်ဝန်းတွင် ယာဉ်မ တော်တဆမှုများကြောင့် သေဆုံးမှုများခြင်းသည် အများအားဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ တိတိကျကျလိုက်နာမှုမရှိခြင်းကြောင့်ဖြစ်ကြောင်း၊ အထူး သဖြင့်အသက်မပြည့်ခင် မော်တော်ဆိုင်ကယ် မောင်းနှင်ခြင်း၊ ဆိုင်ကယ်ဦးထုပ် မဆောင်းခြင်း၊ သတ်မှတ်ထားသော အရှိန်ထက်ပိုမို၍မောင်းနှင်ခြင်း၊ မီးပွိုင့်များ၊ လမ်းညွှန် အမှတ်အသားများကို သတိမမူခြင်းများကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ ယနေ့ဆောင်ရွက်သည့် လုပ်ငန်းသည် ဒေသနေပြည်သူများ ယာဉ်အန္တရာယ်နှင့်ပတ်သက်၍ သိရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)