အသက်(၂)နှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်း၊ ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေး ထိုးနှံပေး

ပုလော စက်တင်ဘာလ ၁၄

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေး ထိုးပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို ပုလောမြို့နယ် ကျန်းမာရေးဝန်ထမ်းများက မွေးကင်းစကလေးငယ်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား (ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ) စသည့် (၅)မျိုးစပ် ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်းနှင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် လစဉ်လဆန်းပိုင်းမှစ၍ ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။

အေးအေးမော်(ပုလော)