သရက်ချောင်း စက်တင်ဘာ ၁၄
"လူကုန်ကူးမှုခံရသူတိုင်းကို ဖော်ထုတ်သတ်မှတ်ပြီး ကာကွယ်စောင့်ရှောက်မှု ရရှိဖို့ ဆောင်ရွက်ကြပါစို့" ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့တွင် ကျရောက်သည့် လူကူကုန်းမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပိုစတာဆိုင်းဘုတ် စိုက်ထူဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့၊ (အ-ထ-က) သရက်ချောင်းကျောင်းရှေ့တွင် ကျင်းပသည်။
အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ လူကူကုန်းမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးထွေးဦးက ၂၀၂၃ ခုနှစ်၊ လူကူကုန်းမှုတိုက်ဖျက်ရေးနေ့၏ ရည်ရွယ်ချက် (၄) ရပ်နှင့် လုပ်ငန်းစဉ်များအကြောင်း၊ လူကုန်ကူးခံရနိုင်သူများ၊ လူကုန်ကူးမှုများ ဖြစ်ပေါ်လာစေရန်တွန်းအားများ၊ လူကုန်ကူးခံရသူများ ခံစားရရှိနိုင်သည့် ဆိုးကျိုးများ အကြောင်းကို ရှင်းလင်းကာ အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ လူကူကုန်းမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးထွေးဦးနှင့် တာဝန်ရှိသူများက ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့တွင် ကျရောက်သည့် လူကူကုန်းမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် စိုက်ထူထားရှိသည့် ပိုစတာဆိုင်းဘုတ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ကာ အခမ်းအနား ရုပ်သိမ်းခဲ့သည်။
အဆိုပါ မြေစိုက်ဘုတ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ လူကုန်ကူးခံရသူတိုင်းကို ဖော်ထုတ်သတ်မှတ်ပြီး ကာကွယ်စောင့်ရှောက်မှု ရရှိဖို့ ဆောင်ရွက်ကြပါစို့နှင့် လိပ်မူတိုင်ကြားရမည့် ဖုန်းနံပါတ်များ၊ ၂၀၂၃ ခုနှစ်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ရည်ရွယ်ချက်(၄)ရပ်၊ လူကုန်ကူးခံရနိုင်သူများ၊ လူကုန်ကူးမှုများ ဖြစ်ပေါ်လာစေသော တွန်းအားများ၊ လူကုန်ကူးခံရသူများ ရရှိနိုင်သည့် ဆိုးကျိုးများဆိုင်ရာ သိကောင်းစရာများ ပါဝင်ကြောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပူးပေါင်းအဖွဲ့များက လူကုန်ကူးမှုတားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့မှ ထုတ်ဝေသည့် လူကုန်ကူးမှုနှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို လမ်းသွားလာနေသူများ၊ ကျောင်းသား/သူများ၊ ရပ်ကွက်ကျေးရွာများမှ ပြည်သူများနှင့် ခရီးသွားလာနေသူများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသိပညာပေး ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)