ကဝ စက်တင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် (အုန်းနှဲ) စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်းမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ (၅၀) ဦးတို့သည် စက်တင်ဘာ ၁၂ နေ့ နံနက် (၁၀) နာရီက သနပ်ပင်မြို့နယ် ဖရဲကွင်းတွင် ကျင်းပပြုလုပ်သည့် လက်ဆွဲကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲသို့ လက်တွေ့ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နံနက် (၁၀:၃၀) နာရီအချိန်တွင် သနပ်ပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၊ ငါးသားပေါက်ဖြန့်ဖြူးရေးစခန်းသို့ ရောက်ရှိခဲ့ပြီး ငါးသားဖောက်မွေးမြူခြင်း လုပ်ငန်းများအား လေ့လာဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ငါးသားဖောက်လုပ်ခြင်းဆိုင်ရာ ကိစ္စများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် နံနက် (၁၁) နာရီအချိန်တွင် ကမာစဲကျေးရွာ၊ ဦးဝင်းထိုက်မောင် မွေးမြူထားသည့် ဥစားဘဲ (၃၀၀၀၀) မွေးမြူရေးခြံသို့ သွားရောက်လေ့လာခဲ့ပြီး ဘဲသားဖောက်စက်ရုံတွင် ဘဲသားဖောက်ခြင်း လက်တွေ့ဆောင်ရွက်နေမှုများအား တာဝန်ရှိသူများမှ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)