ဆိပ်ဖြူ စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် အမျိုးသမီးသားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ကျောင်းအခြေပြုထိုးနှံပေးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ဆိပ်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူနေမျိုးနှင့် အဖွဲ့ဝင်များက ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ မြှင့်တင်ရေးလုပ်ငန်းများ ရှင်းလင်းပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ ခင်မောင်ကြည်က အမျိုးသမီး သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ရပ်ရွာအခြေပြုနှင့် ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံပေးမည့် လုပ်ငန်းဆိုင်ရာများ ရှင်းလင်းတင်ပြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက အမျိုးသမီးသားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ကျောင်းအခြေပြုထိုးနှံပေးရေး လုပ်ငန်းလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့သည်။
အမျိုးသမီး သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို အသက် ၉ နှစ်မှ ၁၂ နှစ်အတွင်း အမျိုးသမီးငယ်များကို ထိုးနှံပေးသွားမည်ဖြစ်ပြီး ကျောင်းအခြေပြု အမျိုးသမီး သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးခြင်းလုပ်ငန်းအတွက် အသက် ၉ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသူ( ၁၀၀၈) ဦး လျာထားဆောင်ရွက်ထားရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြောကြားသိရှိရသည်။
ကိုဇွဲ(အညာမြေ)