၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆောင်းသီးနှံ (၄,၃၇၂,၃၀၂)ဧက စိုက်ပျိုးရန် လျာထား

မုံရွာ အောက်တိုဘာ ၁၇

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဆောင်းသီးနှံများ စိုက်ပျိုးချိန်တွင် ဆောင်းသီးနှံ (၄၃၇၂၃၀၂)ဧက စိုက်ပျိုးသွားရန် လျာထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်းခရိုင်အတွင်းရှိ မြို့နယ်(၃)ခုတွင် သီးနှံစုံ(၅၂၇၁၇၀) ဧကအားလည်းကောင်း၊ မုံရွာခရိုင်အတွင်းရှိ မြို့နယ်(၄)ခုတွင် သီးနှံစုံ (၅၂၂၈၁၈)ဧကအား လည်းကောင်း၊ ယင်းမာပင် ခရိုင်အတွင်းရှိ မြို့နယ်(၄)ခုတွင် သီးနှံစုံ (၅၂၂၃၉၄)ဧကအားလည်းကောင်း၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်(၆)ခုတွင် သီးနှံစုံ (၁၂၂၈၄၁၆)ဧကအား လည်းကောင်း၊ ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်(၂)ခုတွင် သီးနှံစုံ(၄၄၉၈၄၉)ဧကအားလည်းကောင်း၊ ကသာခရိုင်အတွင်းရှိမြို့နယ်(၇)ခုတွင် သီးနှံစုံ (၅၉၄၇၉၉)ဧကအား လည်းကောင်း၊ ကလေးခရိုင် အတွင်းရှိမြို့နယ်(၃)ခုတွင် သီးနှံစုံ (၃၂၈၁၉၆)ဧကအားလည်းကောင်း၊ မော်လိုက်ခရိုင်အတွင်းရှိ မြို့နယ်(၂)ခုတွင် သီးနှံစုံ (၈၇၂၇၁)ဧကအား လည်းကောင်း၊ တမူးခရိုင်အတွင်းရှိ မြို့နယ်တစ်ခုနှင့်မြို့နယ်ခွဲ(၂)ခုတွင် သီးနှံစုံ(၄၀၀၀၇) ဧကအားလည်းကောင်း၊ ခန္တီးခရိုင်အတွင်းရှိ မြို့နယ်(၂)ခုတွင် သီးနှံစုံ (၆၃၁၁၄)ဧကအား လည်းကောင်း၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ်(၃)ခုနှင့် မြို့(၄)ခုတွင် သီးနှံစုံ(၈၂၆၈)ဧကအား လည်းကောင်း ဆောင်းသီးနှံ စုစုပေါင်း (၄၃၇၂၃၀၂)ဧကအား စိုက်ပျိုးရန်လျာထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

စစ်ကိုင်းတိုင်းတိုင်းဒေသကြီးသည် ရှမ်းပြည်နယ်ပြီးလျှင် အကျယ်ဆုံးတိုင်းဒေသကြီး တစ်ခုဖြစ်ရာ စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်ရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံများ အဖြစ် နွေစပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ချက်ကြံ၊ စားဖိုဆောင်သီးနှံ၊ အခြားသီးနှံမျိုးစုံတို့ကို စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)