ဇလွန်မြို့မဈေးသစ်အတွင်းရှိ စျေးရောင်း/ဈေးဝယ်သူများတွင် Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေး

ဇလွန်   အောက်တိုဘာ   ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက်ဇလွန် မြို့မဈေးသစ်အတွင်းရှိ စျေးရောင်း/ဝယ်သူများတွင် Mask တပ်ဆင်ခြင်း ရှိ / မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့ဖြင့် ဈေးရောင်းဈေးဝယ်သူများတွင် Mask  တပ်ဆင်ခြင်း ရှိ / မရှိကို လိုက်လံစစ်ဆေးကြပြီး ဈေးအတွင်း အဆိုပါ စစ်ဆေးခြင်းကိုနေ့စဉ် ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မြို့နယ်အတွင်းရှိ ဈေးများတွင် အခြေခံစားသောက်ကုန်များကို သတ်မှတ်အချိန်အတွင်းသာ ရောင်းချခွင့်ပြုထားကြောင်းကို သိရသည်။

ဝေယံ(ဇလွန်)