ပန်းတောင်း စက်တင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မြို့နယ်ပညာရေးမှူးရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြင့်မားရေးစာပေဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က အခြေခံပညာအထက်တန်း (ခွဲ) ကြိုးကြာစာသင်ကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တာဝန်ခံကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆရာ အေးမင်းသူ (တုံကင်း) နှင့် ဆရာဦးမြင့်ဌေး (ဥသျှစ်ပင်) တို့မှ သုတရသ စာပေအကြောင်းအရာများ ဟောကြားပြီး ဆရာဦးမြင့်ဌေးမှ ပန်းတောင်းမြို့နယ် စာရေးဆရာအသင်းမှ ထုတ်ဝေသည့် (၂၀၂၄) ခုနှစ် ပြက္ခဒိန်ကို ကျောင်းအတွက် ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် တာဝန်ခံကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကားပြောကြား၍အခမ်းအနားကို ညနေ (၃) နာရီအချိန်၌ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
လပြည့်လင်း (ပြန်/ဆက်)